သင်ရိုးညွှန်းတမ်း မော်ဒယ်ပုံစံများ
- VSB Myanmar

- Jul 1
- 1 min read
Updated: Jul 29
သင်ရိုးညွှန်းတမ်း
သင်ကြားရေး ရည်ရွယ်ချက်ကို ပေါက်မြောက်အောင်မြင်စေရန်နှင့် တက်ကြွစွာ ပါဝင်လေ့လာနိုင်စေရန် ဆရာ၊ ကျောင်းသားနှင့် သင်ကြားရေး ဘာသာရပ် များအကြား အစီစဉ်တကျ စီမံခန့်ခွဲ သင်ယူနိုင်ရေးအတွက် စနစ်တကျ ဒီဇိုင်းပြုရေးဆွဲထားသော စီမံချက်ဖြစ်သည်။
သင်ရိုးညွန်းတန်းတွင် ယေဘူယျအားဖြင့် အောက်ပါတို့ ပါဝင်သည်။
အကြောင်းအရာ/ဘာသာရပ်
စစ်ဆေးအကဲဖြက်ခြင်း
အကြောင်းအရာ မိက်ဆက်
သင်ကြားမှု နည်းလမ်းများ
လေ့လာသင်ယူမှု အစီအစဉ်များ
အုပ်စုလိုက်လေ့ကျင့်ခန်းများ
လေ့လာသင်ယူမှုရလဒ်
လိုအပ်သောရင်းမြစ်နှင့် သင်ထောက်ကူပစ္စည်းများ
ထပ်ဆောင်း အစီအစဉ်များ (လေ့လာရေးနှင့် ကင်းထောက် ကဲ့သို့)
Tyler Model

သမိုင်းတွင် လူသိအများဆုံး၊ အထင်ရှားဆုံး သင်ရိုးညွှန်းတမ်း မော်ဒယ်ပုံစံများအကြောင်း ပြောရမည်ဆိုလျှင် Tyler Model ကို ချန်လပ်ထားခဲ့၍ မရနိုင်ပါ။
Ralph Tyler သည် အဆိုပါမော်ဒယ်ကို ၁၉၄၉ ခုနှစ်တွင် စတင်မိက်ဆက်ခဲ့ပြီး ၎င်း၏ အမည်ကိုအစွဲပြု၍ Tyler Model ဟု လူသိများခဲ့သည်။ ၎င်း၏ ဂန္တဝင်လက်ရာ စာအုပ်ဖြစ်သော သင်ရိုးညွှန်းတမ်းနှင့် သင်ကြားပြသခြင်းဆိုင်ရာ အခြေခံသဘောတရား (Basic Principles of Curriculum and Instruction) စာအုပ်တွင် ရေးသားဖော်ပြခဲ့သည်။
တိုင်လာ၏ သင်ရိုးညွှန်းတမ်းများတွင် ထင်ဟပ်ပါဝင်ရမည့် အချက် (၄) ချက် သို့မဟုက် အဓိက အတွေးအခေါ်လမ်းညွန်ချက် (၄)ရပ်
(က) ကျောင်းများဖက်မှာ ရရှိအောင်အားထုက်ရမည့် ပညာရေးရည်ရွယ်ချက်တွေ သင်ကြားရေးရည်ရွယ်ချက်တွေက ဘာတွေလဲ
(ခ) ရည်ရွယ်ချက်ကို ရောက်ရှိစေရန်အတွက် ဘယ်လို ပညာရေးနဲ့ လေ့လာသင်ယူမှု အတွေ့အကြုံ တွေကို ထည့်သွင်းဖန်တီးမလဲ
(ဂ) ဘယ်လို ထိရောက်အောင် အကောင်အထည်ဖော်မလဲ
(ဃ) သက်မှက်ထားတဲ့ ပညာရေးရည်ရွယ်ချက်တွေ သင်ကြားရေးရည်ရွယ်ချက်တွေကို ရ၊ မရ ဘယ်လိုတိုင်းတာ ဆုံးဖြက်မလဲ
Taba Model

အခြားသော သင်းရိုးညွှန်းတမ်း ဖွံ့ဖြိုးရေး မော်ဒယ် တစ်ခုကို ထူထောင်ခဲ့သူမှာ Hilda Taba ဖြစ်သည်။ သူမသည် ၁၉၆၂ ခုနှစ်တွင် သင်းရိုးညွှန်းတမ်း ဖွံ့ဖြိုးရေး သီအိုရီနှင့် လက်တွေ့ဆောင်ရွက်ပုံ စာအုပ်ကို ရေးသားခဲ့သည်။
သူမသည် သင်ရိုးညွှန်းတမ်း တစ်ခုအား တင်းကျပ်စွာ အတိအကျ ဖန်တီးခြင်းကို မလျော်ကန်ကြောင်း ဝေဖန်ခဲ့သည်။
သင်းရိုးညွှန်းတမ်း ရေးသားရာတွင် စာသင်ကြားသည့် ဆရာ၊ ဆရာမများ ပါဝင်သင့်ကြောင်း ထောက်ပြခဲ့သည်။ ၎င်း၏မော်ဒယ်ကို အောက်ခြေအင်အားစုများ ပါဝင်သော ချဉ်းကပ်ပုံမော်ဒယ် Grass Roots Approach ဟု လူသိများသည်။
ယင်းသင်းရိုးညွှန်းတမ်း ဖွံ့ဖြိုးရေး Grass Roots Model မော်ဒယ်တွင် အဓိက အဆင့် (၇) ဆင့်ပါရှိသည်။ Hilda Taba သည် တိုင်လာ၏မော်ဒယ်ကို စီမံအုပ်ချုပ်မှုဆန် ပြီး ပြုလွယ်ပြောင်းလွယ်မရှိဟုရှုမြင်ခဲ့သည်။
Hilda Taba ၏ Grass Roots ချဉ်းကပ်ပုံမော်ဒယ်တွင် အောက်ပါ အဆင့် (၇ )ဆင့် ပါဝင်သည်။
သင်ကြားရေးလိုအပ်ချက်အား ဆန်းစစ်ရှာဖွေခြင်း
ရည်ရွယ်ချက်များချမှက်ခြင်း
ဘာသာရပ်အကြောင်းအရာ ရွေးချယ်ခြင်း
ဘာသာရပ်အကြောင်းအရာစီစဉ်ခြင်း
သင်ကြားလေ့ကျင့်မှု နည်းလမ်းရွေးချယ်ခြင်း
သင်ကြားလေ့ကျင့်မှုအစီအစဉ်များ သက်မှက်ရေးဆွဲခြင်း
စစ်ဆေးအကဲဖြက်ခြင်း
VSB Myanmar
Myanmar TVET Development Journal အတွဲ (၁)၊ အမှတ် (၁) တွင် တင်ဆက်ထားသော ဆောင်းပါးအား ပြန်လည်ဖော်ပြလိုက်ပါသည်။







Comments