လုပ်ငန်းတွင်းလေ့ကျင့်ရေး (အလုပ်ခွဲခြမ်းစိတ်ဖြာခြင်း)
- VSB Myanmar

- Jul 30
- 2 min read
အလုပ်ခွဲခြမ်းစိတ်ဖြာခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ် စီမံချက်ရေးဆွဲခြင်း (Job Analysis and HR Planning)
အလုပ်ခွဲခြမ်းစိတ်ဖြာခြင်း (Job Analysis) သည် အဖွဲ့ အစည်းတစ်ခု၏ လုပ်ငန်းစဉ်များအား ဆောင်ရွက်ရန် လိုအပ်သော ကျွမ်းကျင်မှု၊ အသိပညာနှင့် ခံယူချက်များကို လေ့လာဖော်ထုတ် သော၊ စနစ်တကျ ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုအတွက် မရှိမဖြစ် အခြေခံကျသော၊ HR လုပ်ငန်းစဉ်များဆောင်ရွက်ရန် စမှတ် (Starting Point) အဖြစ်မှတ်ယူနိုင်သော လုပ်ငန်းစဉ်တစ်ရပ် နည်း လမ်းတစ်ရပ်လည်း ဖြစ်ပါသည်။ လုပ်ငန်း၏အပြောင်းအလဲများ မြန်ဆန်သော ယနေ့ခေတ်တွင် အလုပ်ခွဲခြမ်းစိတ်ဖြာခြင်း (Job Analysis) သည် ပိုမိုအရေးကြီးလာ၏။ အလုပ်တစ်ခုတွင် ယေဘု ယျအားဖြင့် လုပ်ကွက်နှင့် လုပ်ငန်းစဉ်များ များစွာပါရှိနိုင်၏။

အလုပ်ခွဲခြမ်းစိတ်ဖြာခြင်း အဓိကအဆင့်များ
အလုပ်ခွဲခြမ်းစိတ်ဖြာခြင်းသည် အောက်ဖော်ပြပါအချက်များကို သိရှိနိုင်ရန် ရည်ရွယ်သည်။
(က) ဝန်ထမ်းလုပ်သားများ ဆောင်ရွက်ရမည့်လုပ်ငန်း ဆောင်ရွက်ချက်များ
(ခ) ပြီးမြောက်ရမည့်အလုပ်ချိန် (အလုပ်လုပ်နှုန်း)
(ဂ) ဆောင်ရွက်မည့်နည်းလမ်းများ
(ဃ) လုပ်ငန်းဆောင်ရွက်ရမည့်နောက်ခံအခြေအနေနှင့် လိုအပ်ချက်များ
(င) လုပ်ငန်းဆောင်ရွက်ချက်၏ ရည်ရွယ်ချက်
(စ) လုပ်ငန်းအား အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောအရည်အသွေး
အလုပ်ခွဲခြမ်းစိတ်ဖြာခြင်းမှတစ်ဆင့် လုပ်ငန်းနှင့်သက်ဆိုင်သော တာဝန်ဝတ္တရား အကျဉ်းချုပ်အပြင် လိုအပ်သော ကျွမ်းကျင်မှု၊ အသိပညာနှင့် အလုပ်နောက်ခံအခြေအနေများကို ရေးသား သတ်မှတ်နိုင်သည်။ အထူးသဖြင့် ရာထူးအသစ်များ ခန့်ထားခြင်းနှင့် လုပ်ငန်းစနစ်များ၊ လုပ်ထုံးလုပ်နည်းအသစ်များ စတင်အသုံးပြုသော အချိန်များတွင် အလုပ်ခွဲခြမ်းစိတ်ဖြာခြင်းကို ဆောင်ရွက်ရန် လိုအပ်သည်။ ၎င်းမှတစ်ဆင့် လုပ်ငန်းတာဝန်သတ်မှတ်ချက်၊ အလုပ်ဖော်ပြချက် (Job Description) နှင့် အရည်အသွေးသတ်မှတ်ချက် (Job Specification or Personal Specification) ကို ဖော် ထုတ်သတ်မှတ်နိုင်သည်။ လုပ်ငန်းတာဝန်သတ်မှတ်ချက် (ဝါ) အလုပ်ဖော်ပြချက် (Job Description) တွင် ဝန်ထမ်းလုပ်သားတစ်ယောက် ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများနှင့် လုပ်ကွက်များပါဝင်သည်။ အရည်အသွေးသတ်မှတ်ချက် (Job Specification)တွင် ဝန်ထမ်း လုပ်သားအတွက် လိုအပ်သော ကျွမ်းကျင်မှု၊ အသိပညာနှင့် စွမ်းဆောင်ရည် သတ်မှတ်ချက်များ ပါဝင်သည်။
အလုပ်ခွဲခြမ်းစိတ်ဖြာခြင်းကို HR ဆိုင်ရာ အောက်ပါရည်ရွယ်ချက်အမျိုးမျိုးအတွက် ဦးတည်အသုံးပြုနိုင်သည်။
(က) ဝန်ထမ်းခန့်ထားရေး စီမံချက်ရေးဆွဲခြင်း၊ ဝန်ထမ်း စုဆောင်းခြင်း၊ ခန့်ထားခြင်း (Staffing) အလုပ်ခွဲခြမ်း စိတ်ဖြာခြင်းမှတစ်ဆင့် ဝန်ထမ်းလုပ်သားထု၏ အရည်အသွေးကို သတ်မှတ်၍ ဝန်ထမ်းခန့်ထားရေး စီမံချက် ချမှတ်ခြင်း၊ ခေါ်ယူခြင်း၊ ရွေးချယ်ခန့်ထားခြင်း။
(ခ) လေ့ကျင့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း (Training and Development)
အလုပ်ခွဲခြမ်းစိတ်ဖြာခြင်းမှတစ်ဆင့် ကျွမ်းကျင်မှုနှင့် အသိပညာလိုအပ်ချက်အား ဖော်ထုတ်ခြင်း၊ ၎င်းအပေါ်အခြေခံ၍ ကျွမ်း ကျင်ဝန်ထမ်းများ ဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးခြင်း၊ ဝန်ထမ်းများ၏ လေ့ကျင့်ရေးလိုအပ်ချက်အား ရှာဖွေဖော်ထုတ်နိုင်ခြင်း။
(ဂ) လစာနှင့် အကျိုးခံစားခွင့် (Compensation and Benefits)
အလုပ်ခွဲခြမ်းစိတ်ဖြာခြင်းမှ ရရှိသော အချက်အလက်ကို အခြေပြု၍ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို စနစ်တကျ အကဲဖြတ်ခြင်း၊ စွမ်းဆောင်ရည်ပေါ်မူတည်၍ လစာနှင့် အကျိုးခံစားခွင့်ကို တွက်ချက်ပေးခြင်း။
(ဃ) ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေး (Safety and Health )
အလုပ်ခွဲခြမ်းစိတ်ဖြာမှုမှတစ်ဆင့် တွေ့ရှိရသော လုပ်ကွက်နှင့် လုပ်ငန်းစဉ်များအလိုက် အန္တရာယ်ဖြစ်နိုင်ချေကို တွက်ဆခြင်း၊ ကျန်းမာရေး ထိခိုက်နိုင်သည့် အလားအလာနှင့် သက်ရောက်မှုကို တွက်ဆခြင်း၊ ဘေးကင်းရေးနှင့် ကျန်းမာရေးအတွက် ကြိုတင် ကာကွယ်မှု အစီအမံများ ချမှတ်ခြင်း၊ လိုအပ်သော သတင်းအချက်အလက်များကို ဝန်ထမ်းလုပ်သားများ သိရှိနိုင်ရန် ကြိုတင်မျှဝေခြင်း။
(င) အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေး (Labour Relation)
အလုပ်ခွဲခြမ်းစိတ်ဖြာမှုမှရသော အချက်အလက်များသည် များစွာအရေးကြီးသည်။ အထူးသဖြင့် လုပ်ငန်းတာဝန်သတ်မှတ်ချက်နှင့် အရည်အသွေးကို မူတည်၍ ရာထူးတိုးပေးခြင်း၊ အပြောင်းအရွှေ့စီစဉ်ပေးခြင်း၊ ရာထူးတိုးဆိုင်းငံ့ခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ လုပ်သား၏ အရည်အသွေးပေါ်မူတည်၍ HR ဆိုင်ရာ ဆုံးဖြတ်ချက်များ၊ စီမံခန့်ခွဲမှုများ ဆောင်ရွက်နိုင်ခြင်းကြောင့် အားလုံး လက်ခံနိုင်ဖွယ်ဖြစ်ကာ အငြင်းပွားစရာနည်းပါးပြီး ပဋိပက္ခလျော့နည်း သွားစေခြင်း။
အလုပ်ခွဲခြမ်းစိတ်ဖြာခြင်း နည်းလမ်းများ
လုပ်ငန်းအဖွဲ့အစည်းများအတွင်း အလုပ်ခွဲခြမ်းစိတ်ဖြာခြင်း ပြုလုပ်ရန်အတွက် အောက်ပါ နည်းလမ်းများကို အသုံးပြုနိုင်သည်။
(က) မေးခွန်းများပြုစု၍ စစ်တမ်းကောက်ခြင်း (Questionnaire)
(ခ) ဝန်ထမ်းလုပ်သား၏ ဆောင်ရွက်ချက်အား စောင့်ကြည့် မှတ်တမ်းတင်ခြင်း (Observation)
(ဂ) ဝန်ထမ်းလုပ်သားနှင့် ၎င်း၏ကြီးကြပ်သူအား ဆောင်ရွက်ရသည့် လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ လူတွေ့မေးမြန်းခြင်း
(ဃ) ဝန်ထမ်းလုပ်သားအား နေ့စဉ်မှတ်တမ်းစာအုပ်ထားရှိ၍ လုပ်ငန်းစဉ်အား မှတ်တမ်းသွင်းခိုင်းပြီး လေ့လာခြင်း (Record Diary)
(င) အထက်ပါနည်းလမ်းများအား ပေါင်းစပ်အသုံးပြုခြင်း (Combination Method)
လုပ်ငန်းတာဝန်သတ်မှတ်ချက်နှင့် လုပ်ငန်းစဉ်အကျဉ်း (Job Description) အား ဖော်ထုတ်ခြင်း
အလုပ်ခွဲခြမ်းစိတ်ဖြာခြင်းကို အခြေခံ၍ လုပ်ငန်းတာဝန် သတ်မှတ်ချက်နှင့် လုပ်ငန်းစဉ်အကျဉ်းကို ဖော်ထုတ်ခြင်းဖြင့် အောက်ပါတိကျသော အချက်အလက်များကို ဖော်ထုတ်သတ်မှတ် နိုင်သည်။
အဓိကဆောင်ရွက်ရမည့်တာဝန်
လုပ်ငန်းတာဝန်အသီးသီးအတွက်လိုအပ်သော အလုပ်လုပ်အချိန်
စွမ်းဆောင်ရည်စံချိန်စံညွှန်း
လုပ်ငန်းအခြေအနေနှင့် တွေ့ရှိနိုင်သော အန္တရာယ်များ
လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ရမည့် အလုပ်သမားအရေအတွက်နှင့် အစီရင်ခံတင်ပြမှု
လိုအပ်သော စက်ပစ္စည်းကိရိယာစာရင်း
အဆိုပါအချက်များကို အခြေခံ၍ ဝန်ထမ်းလုပ်သားတစ်ဦးအတွက်လိုအပ်သော အရည်အသွေးသတ်မှတ်ချက် (Job Specification) ကို ရေးသားပြုစုနိုင်သည်။
ဥာဏ
Myanmar TVET Development Journal အတွဲ (၁)၊ အမှတ် (၁) တွင် တင်ဆက်ထားသော ဆောင်းပါးအား ပြန်လည်ဖော်ပြလိုက်ပါသည်။







Comments