top of page
  • Facebook
  • Twitter
  • Linkedin

𝐓𝐕𝐄𝐓 နဲ့ 𝐒𝐤𝐢𝐥𝐥𝐬 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 ဘာကွာသလဲ။

  • Writer: VSB Myanmar
    VSB Myanmar
  • Jun 27, 2025
  • 2 min read

သက်မွေးပညာနှင့်လေ့ကျင့်ရေး TVET အား အမျိုးမျိုးခေါ်ဆိုလေ့ရှိသည်။ ယေဘူယျအားဖြင့် ပုံမှန်ကျောင်းအခြေပြု သက်မွေးပညာနှင့်လေ့ကျင့်ရေး ကို Formal TVET သို့မဟုက် Technical Education သို့မဟုက် Vocational Education သို့မဟုက် General Vocational Qualification(GVQ) သို့မဟုက် TVET ဟု အမျိုးမျိုးခေါ်ဆိုကြသည်။

ကျောင်းပြင်ပ သက်မွေးပညာနှင့် လေ့ကျင့်ရေး သို့မဟုက် လုပ်ငန်းခွင်အခြေပြု လေ့ကျင့်ရေး ကို Non-formal TVET ဟုလည်းကောင်း၊ အတုမြင်အတက်သင် သို့မဟုက် အတွေ့အကြုံမှတဆင့် သို့မဟုက် မိမိဘာသာ လေ့လာသင်ယူခြင်းကို Informal TVET ဟုလည်းကောင်း အသီးသီးခေါ်ဆိုကြသည်။ Non-formal TVET အားနိုင်ငံတကာတွင် ကျွမ်းကျင်မှုဖွံ့ဖြိုးရေး (Skills Development) ဟုခေါ်ဆိုသည်။ အချို့နိုင်ငံများတွင် Non-formal TVET လမ်းကြောင်းသည် ပိုမိုကောင်းမွန်အောင်မြင်သည်။ အယူအဆပိုင်းတွင် Informal Learning အားလည်း လမ်းဖွင့်ပေးထားသည်။ ယင်းကို Occupational Qualification သို့မဟုက် Skills Qualification သို့မဟုက် Workforce Qualification သို့မဟုက် Vocational Qualification ဟု အသီးသီးခေါ်ဆိုကြသည်။ လုပ်ငန်းခွင်ကို အထူးတလည် အခြေပြုထားသည်။ လုပ်သားများကျွမ်းကျင်မှုသက်မှက်ချက်မူဘောင်ဖြစ်၏။ ထို့ကြောင့် ပုံမှန်အားဖြင့် TVET ကို လမ်းကြောင်း နှစ်သွယ် ခွဲခြားနိုင်သည်။ အချုပ်အားဖြင့်ဆိုသော် (က) Formal TVET(Vocational Education) နှင့် (ခ) Skills Development ( Non-formal သို့မဟုက် Workplace TVET) ဟုပြောနိုင်သည်။

ပထမ ကျောင်းအခြေပြု (Formal TVET ) လမ်းကြောင်းကို ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ် ဝန်ကြီးဌာနများမှ ကြီးကြပ်သည် ပညာရေးဥပဒေ (Education Law သို့မဟုက် Technical Vocational Law) ဖြင့် အုပ်ချုပ်သည်။

ဒုတိယ လုပ်ငန်းခွင် သို့မဟုက် လုပ်သားထု အရည်အချင်းသက်မှက်ချက်လမ်းကြောင်း သို့မဟုက် ကျွမ်းကျင်မှုဖွံ့ဖြိုးရေး ( Skills Development) ကို အလုပ်သမားဝန်ကြီးဌာနမှ ကြီးကြပ်လေ့ရှိသည်။ အလုပ်သမားဥပဒေ/ အလုပ်သမားကျွမ်းကျင့်မှုဖွံ့ဖြိုးရေးဥပဒေ/ လူ့စွမ်းအားဖွံ့ဖြိုးရေးဥပဒေ/ အလုပ်သင်ဥပဒေ (Labour Skills Development Law /HRD Law/ Apprentice Law) များ ဖြင့် အကောင်အထည်ဖော်ကြသည်။

နိုင်ငံအလိုက်နိုင်းယှဥ်ချက်ဥပမာအချို့ကို ဂျပန်၊တောင်ကိုးရီးယား၊ စင်ကာပူ၊ မလေးရှား စသည့်နိုင်ငံများ၏ ကျင့်သုံးဆောင်ရွတ်ပုံတွင်လေ့လာကြည့်ရှုနိုင်သည်။

ဥပမာ-၁။ ဥပမာအားဖြင့်ဂျပန်နိုင်ငံတွင် သက်မွေးပညာရေး(Vocational Education) အားပညာရေး၊ သိပ္ပံနည်းပညာ၊ လူငယ်နှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်သည်။ သက်မွေးလေ့ကျင့်ရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးရေး (Vocational Training and Skills Development) ကို လူ့စွမ်းအားဖွံ့ဖြိုးမှု မြှင့်တင်ရေးဥပဒေအား ကျောထောက်နောက်ခံပြုလျက်အလုပ်သမား၊ ကျန်းမာရေးနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနမှတာဝန်ယူဆောင်ရွတ်သည်။

ဥပမာ-၂။ တောင်ကိုးရီးယားနိုင်ငံတွင် ပညာရေးဥပဒေနှင့် အရည်အချင်းသက်မှက်ချက်မူဘောင်ဥပဒေ အား ပညာရေး ဝန်ကြီးဌာနမှ ပြဌာန်းပြီး သက်မွေးပညာရေး (Vocational Education) အား အကောင်အထည်ဖော်သည်။ အလုပ်သမားဝန်ကြီးဌာနမှ လုပ်သားများကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဥပဒေနှင့် အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ အရည်အချင်းမူဘောင် အက်ဥပဒေကိုပြဌာန်း၍ သက်မွေးကျွမ်းကျင်မှုလေ့ကျင့်ရေး( Vocational Training) ကို အကောင်အထည်ဖော်သည်။

ဥပမာ-၃။ မလေးရှားနိုင်ငံတွင် အမျိုးသားအဆင့် ပညာရေးဥပဒေ ကို ကျောထောက်နောက်ခံ ပြုလျက် ပညာရေး ဝန်ကြီးဌာနမှ နည်းပညာနှင့် သက်မွေးပညာရေးလမ်းကြောင်း( Technical and Vocational Education Pathway) ကို အကောင်အထည်ဖော်သည်။ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန (အလုပ်သမား ဝန်ကြီးဌာန) မှ ကျွမ်းကျင်မှုဖွံ့ဖြိုးရေးအက်ဥပဒေနှင့် လူ့စွမ်းအားဖွံ့ဖြိုးရေး ရန်ပုံငွေအက်ဥပဒေကို အခြေပြု၍ ကျွမ်းကျင်မှုလေ့ကျင့်ရေး အရည်အချင်းမူဘောင် (Skills Qualification) ကိုအကောင်အထည်ဖော်သည်။


Reference:

1.Discussion Paper on Quality Assurance of Qualification in TVET (UNESCO -2016)

2. ASEAN Guiding Principles for Quality Assurance and Recognition of Competency Certification System

3. TVET Profile of South Korea

4. HRD Promotion Law in Japan

5. Skills Development Act and HRD Fund Act in Malaysia

Comments


Contact Us

 Address. Yangon, Myanmar

Tel. 0935029113

bottom of page