top of page
  • Facebook
  • Twitter
  • Linkedin

သမားရိုးကျ လေ့ကျင့်သင်ကြားရေးစနစ်နဲ့ ကျွမ်းကျင်မှု အခြေပြုလေ့ကျင့်သင်ကြားရေးစနစ် ဘာကွာခြားသလဲ။

  • Writer: VSB Myanmar
    VSB Myanmar
  • Jul 29, 2025
  • 1 min read

ပညာရေးနှင့် လေ့ကျင့်ရေးလုပ်ငန်းစဉ်ထဲမှာ သမားရိုးကျ လေ့ကျင့်သင်ကြားရေးစနစ် (Traditional Approach) နဲ့ ကျွမ်းကျင်မှု အခြေပြု လေ့ကျင့်သင်ကြားရေးစနစ် ( Competency based Approach) ဟာ မတူညီတဲ့ ချဉ်းကပ်ပုံတွေနဲ့ သွားလေ့ရှိတယ်။ သူတို့မှာ မတူညီတဲ့ ပန်းတိုင်တွေ မတူညီတဲ့ လက္ခဏာရပ်တွေ ရှိတယ်။


သမားရိုးကျ လေ့ကျင့်သင်ကြားရေးစနစ် (Traditional Approach)


(၁) “အသိပညာကို အဓိကဦးတည်ခြင်း” - သမားရိုးကျ လေ့ကျင့်သင်ကြားရေးစနစ်ဟာ ကျောင်းသား ကျောင်းသူတွေကို သီအိုရီနဲ့ အခြေခံသတင်းအချက်အလက်တွေကို ပေးဖို့ အဓိက ရည်ရွယ်တယ်

(၂) “ဘာသာရပ် အခြေပြု ဖြစ်ခြင်း” - သင်ရိုးညွှန်းတမ်းတွေဟာ သိသင့်သိထိုက်တဲ့ ဘာသာရပ်တွေအပေါ် အခြေခံထားတယ်။ သတ်မှတ်ထားတဲ့ သင်ရိုးမာတိကာ အောက်မှာ ခေါင်းစဉ်တွေ ကျယ်ကျယ် ပြန့်ပြန့် ပါဝင်တယ်။

(၃) “နည်းပြ ဆရာဗဟိုပြု ဖြစ်ခြင်း” - စာသင်ခန်းအတွင်း သင်ကြားမှုမှာ ဆရာက အဓိက အခန်းကဏ္ဍက နေရာယူထားတယ်။ များသောအားဖြင့် ဟောပြောပို့ချမှုတွေ အချက်အလက်မျှဝေမှု တွေနဲ့ အလုပ်လုပ်လေ့ရှိတာကိုတွေ့ရတယ်

(၄) “စစ်ဆေး အကဲဖြတ်ခြင်း” - စွမ်းဆောင်ရည်ကို စစ်ဆေး အကဲဖြတ်တဲ့ အပိုင်းမှာတော့ အဓိကအားဖြင့် စာမေးပွဲတွေ ဉာဏ်စမ်းမေးခွန်းတွေကို အသုံးပြုလေ့ရှိတယ်။ ကျောင်းသား၊ ကျောင်းသူတွေ ဘယ်လောက်မှတ်မိသွားသလဲ၊ ဘယ်လောက်နားလည်သွားသလဲ ဆိုတာကို အဓိက ဆန်းစစ်လေ့ရှိတယ်။

(၅) “အချိန်ကန့်သက်ချက်ရှိခြင်း” - သက်မှတ်ထားတဲ့ ပညာသင်နှစ် သို့မဟုက် သင်တန်းကာလအတွင်း ပြီးမြောက်ရမယ့် သင်ရိုးပမာဏရှိတယ်။

(၆)“လက်တွေ့ အားနည်းခြင်း” - သမားရိုးကျ လေ့ကျင့် သင်ကြားရေး စနစ်မှာ သင်ကြားထားတဲ့ အသိပညာကို လက်တွေ့ပြန်လည်အသုံးချခွင့် အားနည်းတယ်။ တကယ့် လက်တွေ့ဘဝ လုပ်ငန်းခွင်ကို အသားပေးခြင်း အားနည်းတာမျိုး ရှိနိုင်တယ်။

(၇)“လိုက်လျောညီထွေရှိမှု အားနည်းခြင်း” - ကျောင်းသားကျောင်းသူတွေ မိမိနှစ်သက်ရာ အကြောင်း အရာနဲ့ အချိန်ကာလ ကိုရွေးချယ်ဆုံးဖြက်ခွင့် အခွင့်အလမ်း နည်းပါးတယ်။


ကျွမ်းကျင်မှုအခြေပြု လေ့ကျင့်သင်ကြားရေး စနစ်( Competency based Approach)


(၁) “ကျွမ်းကျင်မှုကို အခြေပြုခြင်း” - ကျွမ်းကျင်မှုအခြေပြု လေ့ကျင့်သင်ကြားရေးစနစ်ဟာ လက် တွေ့ကျွမ်းကျင်မှုကို အဓိက အခြေပြုတယ်။ လက်တွေ့ဘဝ နဲ့ လုပ်ငန်းခွင်မှာ တိုက်ရိုက် အသုံးချနိုင်တဲ့ လုပ်ရည်ကိုင်ရည်တွေကို လေ့ကျင့်သင်ကြားပေးတယ်။

(၂) “ကျွမ်းကျင်မှုဗဟိုပြု သင်ရိုးဖြစ်ခြင်း” - သင်ရိုးညွှန်းတမ်းဟာ လုပ်ငန်းခွင်မှာ လုပ်ရတဲ့ တာဝန်ဝတ္တရားတွေ အလုပ်အကိုင်အလိုက် အသေးစိတ် ကျွမ်းကျင်မှုတွေကို အဓိကထားတယ်။

(၃) “သင်တန်းသား အခြေပြုဖြစ်ခြင်း” - သင်တန်းသားသင်တန်းသူတွေရဲ့ တက်ကြွစွာ လက်တွေ့ပါဝင်လုပ်ဆောင်မှု လေ့လာမှုကို အဓိကထားတယ်။ တကယ်ကျွမ်းကျင်ဖို့ သူတို့ကိုယ်တိုင် အားထုက်လေ့ကျင့်ရတယ်။

(၄) စစ်ဆေး အကဲဖြတ်ခြင်း” - စွမ်းဆောင်ရည်ကို စစ်ဆေး အကဲဖြတ်တဲ့အပိုင်းမှာတော့ အဓိကအားဖြင့် ပရောဂျက်တွေ၊ လက်တွေ့လုပ်ကွက်တွေကို ပေးပြီးလုပ်စေတယ်။ ကျောင်းသား ကျောင်းသူတွေ ဘယ်လောက် ကျွမ်းကျင်သွားသလဲ၊ ဘယ်လောက် လုပ်ငန်းခွင်မှာ စနစ်တကျ ပြန်လည်အသုံးချနိုင်သလဲ ဆိုတာကို အဓိက ဆန်းစစ်လေ့ရှိတယ်။

(၅) “ရလဒ်အခြေပြုဖြစ်ခြင်း” - သက်မှတ်ထားတဲ့ သင်တန်းကာလအတွင်း ဘယ်လောက် ကျွမ်းကျင်ရမယ်ဆိုတဲ့ သက်မှက်ချက်ရှိတယ်။ သင်တန်းအချိန်ကာလ ပြီးမြောက်မှုထက် ကျွမ်းကျင်မှု ရလဒ်ကို ဦးစားပေးတယ်။

(၆)“ လက်တွေ့ အားသာခြင်း” - ကျွမ်းကျင်မှုအခြေပြုလေ့ကျင့်သင်ကြားရေးစနစ်မှာ သင်ကြားတဲ့အပိုင်းက လက်တွေ့လုပ်ငန်းခွင်ကျွမ်းကျင်မှုကိုဦးစားပေးတယ်။ တကယ့် လက်တွေ့ဘဝ လုပ်ငန်းခွင်မှာ ကောင်းကောင်းပြန်လည်အသုံးချနိုင်တယ်။ အလုပ်အကိုင်အခွင့်အလမ်း အားကောင်းစေတယ်။

(၇) “လိုက်လျောညီထွေရှိခြင်း” - ကျောင်းသားကျောင်းသူတွေ မိမိနှစ်သက်ရာ ကျွမ်းကျင်မှုနယ်ပယ် နဲ့ အချိန်ကာလကို ရွေးချယ်ဆုံးဖြက်ခွင့် အခွင့်အလမ်း ရှိတယ်။



Reference:


1.Skills for Employment Policy Brief, ILO

2.Competency-Based Training (CBT): An Introductory Manual for Practitioners, ILO

Comments


Contact Us

 Address. Yangon, Myanmar

Tel. 0935029113

bottom of page