လေ့ကျင့်ရေးနှင့် ဖွံံ့ဖြိုးရေး (အပိုင်း-၁)
- VSB Myanmar

- Jun 24
- 2 min read
လေ့ကျင့်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအယူအဆ
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကကျသော လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု (Human Resource Function) ၏ လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည်။ လူ့စွမ်းအား အရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေး (Human resources Development - HRD) သည် လေ့ကျင့်သင်ကြားရေးသက်သက်သာမက အလုပ်အကိုင် ရာထူးအဆင့်ဆင့်တိုးတက်ရေး၊ အသက်မွေးဝမ်းကျောင်း စွမ်းရည်ဖွံ့ဖြိုးရေး၊ အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည် အကဲဖြတ်ရေး စသောအချက်များနှင့် ဆက်စပ် ပတ်သက်လျက်ရှိသည်။
လေ့ကျင့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် ဝန်ထမ်းများ၏ လုပ်ရည် ကိုင်ရည်နှင့် အဖွဲ့အစည်း၏ စွမ်းဆောင်ရည် စဉ်ဆက်မပြတ် တိုးတက်လာရေးအတွက် အခြေခံအုတ်မြစ်တစ်ရပ် ဖြစ်သည်။ အချို့သော မန်နေဂျာများ သည် လေ့ကျင့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအား ရောထွေး သုံးနှုန်းလေ့ရှိသည်။
လေ့ကျင့်ရေးဆိုသည်မှာ အလုပ်သမားများ၊ လေ့လာသင်ယူသူများအတွက် လက်ရှိလုပ်ငန်းဆောင် တာများ ဆောင်ရွက်ရန်လိုအပ်သော ကျွမ်းကျင်မှုနှင့် အသိပညာကို သွတ်သွင်းပေးသော လုပ်ငန်းစဉ်ဖြစ် သည်။ ဥပမာအားဖြင့် တွင်ခုံဖောက်ခုံ လုပ်သားတစ်ဦးအား ၎င်း၏ ကြီးကြပ်သူမှ တွင်ခုံဖောက်ခုံအား ကိုင်တွယ် အသုံးပြုပုံကို သင်ကြားပေးခြင်း၊ လေ့ကျင့်ပေးခြင်းသည် လေ့ကျင့်ရေးလုပ်ငန်းစဉ်ဖြစ်ပါသည်။ ဖွံ့ဖြိုးတိုးတက်ရေးသည် လက်ရှိ ရေတို ကျွမ်းကျင်မှု တိုးတက်ရေးကိုသာမက ရေရှည်အလုပ်အကိုင်နှင့် ပညာရပ်ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ဦးတည်သည်။ ယင်းသို့ ကြိုတင် ပြင်ဆင်ပေးခြင်း ပြုလုပ်နိုင်မှသာ ဖွံ့ဖြိုးတိုး တက်မှု ရှိမည်ဖြစ်ပြီး အဖွဲ့အစည်း၏ အပြောင်းအလဲ တိုးတက်မှုနှင့်အညီ ဝန်ထမ်းသည် လိုက်ပါဆောင် ရွက်နိုင်မည်ဖြစ်သည်။
အကြမ်းဖျဉ်းအားဖြင့် စီးပွားရေးဈေးကွက် အသီးသီးတွင်ဖောက်သည်တိုင်းသည် ကုမ္ပဏီအဖွဲ့အစည်းများဘက်မှ ကောင်းမွန်သော ဝန်ဆောင်မှုနှင့် အရည်အသွေးမြင့် ထုတ်ကုန် ပစ္စည်များကိုသာ လိုချင်ကြသည်။ ဈေးနှုန်းသက်သာစွာဖြင့် အချိန်နှင့်တစ်ပြေးညီ ဝန်ဆောင်မှုကို လိုချင်ကြသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အဖွဲ့အစည်းတိုင်းသည် စွမ်းဆောင်ရည်ပြည့်ဝရန် လိုအပ်၏။ နည်းပညာတိုးတက်မှု မြန်ဆန်ခြင်းသည်လည်း လေ့ကျင့်ရေးနှင့် စွမ်းဆောင်ရည် လိုအပ်ချက်ကို ဖြစ်စေသည်။ ထို့ကြောင့်အရေးကြီးဆုံးအချက်မှာ အဖွဲ့အစည်းတွင် စွမ်းဆောင်ရည် ပြည့်ဝန်ထမ်းလုပ် သားများအား မွေးမြူနိုင်ရေး ဖြစ်ပါသည်။
ကုမ္ပဏီအဖွဲ့အစည်းများသည် တစ်ခါတစ်ရံတွင် လေ့ကျင့်ရေး အသုံး စရိတ်ကြီးမားခြင်းအား လက် တွန့်လေ့ရှိသည်။ အောင်မြင်သော ကုမ္ပဏီအဖွဲ့အစည်းများကို ကြည့်လိုက်လျှင် ၎င်းတို့သည် လေ့ကျင့်ရေး အသုံး စရိတ်ကို များစွာ သုံးစွဲလေ့ရှိသည်။ လေ့ကျင့်ရေး ဖွံ့ဖြိုးရေးသည် ရေရှည် ကုမ္ပဏီအဖွဲ့အစည်း၏ အောင်မြင်မှုကို အထောက်အကူပြုနိုင်သည်။ လေ့ကျင့်ရေးသည် ဖောက်သည် ၏ လိုအပ်ချက်ကို အဓိက ဖြည့်ဆည်းပေးနိုင်မည့် ဧရိယာများအားဦးတည်လေ့ရှိပြီး သုတေသနပြုခြင်း၊ အခြားသော ဖွံ့ဖြိုးရေး အစီအမံများကိုပါ တွဲဖက် စဉ်းစားရန် လိုအပ်သည်။
လေ့ကျင့်ရေး အစီအစဉ်များသည် တစ်ဦးချင်း၏ စဉ်းစားတွေးခေါ်မှုနှင့် လက်တွေ့ စွမ်းရည်ကို တိုးတက်စေနိုင်သကဲ့သို့ကုမ္ပဏီ၏ ထုတ်လုပ်မှုနှင့် လုပ်ငန်း မြန်ဆန်ထိရောက်မှုကိုပါ တိုးတက်စေ သည်။
လေ့ကျင့်ရေး ဖွံ့ဖြိုးရေးနှင့် အဖွဲ့အစည်းများ၏ အပြောင်းအလဲ
လေ့ကျင့်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွင် စိန်ခေါ်မှုအခက်အခဲ များစွာ ရှိနိုင်သည်။ အဓိက အခက်အခဲမှာ အပြောင်းအလဲနှင့် လိုက်လျောညီထွေရှိစွာ လိုက်ပါ ဆောင်ရွက်နိုင်ရေးနှင့် ထိရောက် တက်ကြွစွာ အပြောင်းအလဲ အား ပံ့ပိုးမှုပေးနိုင်ရေး ဖြစ်ပါသည်။ အဖွဲ့အစည်း၏ အပြောင်းအလဲများ သည် တစ်ဦးချင်းအပေါ်တွင်ရော ဝန်ထမ်း အစုအဖွဲ့အလိုက်အပေါ်တွင်ရော သက်ရောက်မှု ရှိနိုင်သည်။
လေ့ကျင့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အပေါ်တွင် အဓိကသက်ရောက်နေသော အပြောင်းအလဲများစွာအား ယနေ့ခေတ် စီးပွားရေးလုပ်ငန်းများတွင် အောက်ပါအတိုင်း တွေ့ရှိနိုင်သည်။
(က) ကုမ္ပဏီ အဖွဲ့အစည်း၏ ဖွဲ့စည်းပုံ ပြောင်းလဲခြင်း (ဖွဲ့စည်းပုံ ချဲ့ခြင်း၊ ချုံ့ခြင်း၊ အပြင်သို့ လုပ်ငန်း လက်ခွဲပေးခြင်း)
(ခ) နည်းပညာပြောင်းလဲခြင်း၊ အဆင့်မြင့် ကျွမ်းကျင်ဝန်ထမ်းများ ပိုမိုလိုအပ်လာခြင်း
(ဂ) ဝန်ထမ်းများ၏ ပညာရေးအဆင့် လိုအပ်ချက် ပိုမိုလိုအပ်လာခြင်း၊ အဆင့်မြင့် သင်တန်းများ ပိုမိုလိုအပ်လာခြင်း
(ဃ) လူ့စွမ်းအား အရင်းအမြစ် လိုအပ်ချက်၊ ဝန်ထမ်း လိုအပ်ချက်များ အပြောင်းအလဲ ရှိလာခြင်း
(င) ပြိုင်ဆိုင်မှု အနေအထား ပိုမို ပြင်းထန်လာခြင်း
(စ) စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်သည့် အဖွဲ့အစည်းနှင့် လူ့စွမ်းရည် စီမံခန့်ခွဲမှုစနစ် ပိုမိုလိုအပ်လာခြင်း
အပြောင်းအလဲများနှင့်အတူ စီမံခန့်ခွဲသူတိုင်းသည်လေ့ကျင့်ရေးနှင့် ဖွံ့ဖြိုးရေး လိုအပ်ချက်များနှင့် အခက်အခဲ များကို ကောင်းစွာနားလည်ရန် လိုအပ်ပြီး၊ လိုက်ပါ ဆောင်ရွက်နိုင်ရန်လိုအပ်သည်။
လေ့ကျင့်ရေးနှင့် ဖွံ့ဖြိုးရေးအပေါ်တွင်လွှမ်းမိုးနေသောအချက်များ
လေ့ကျင့်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အပေါ်တွင် လွှမ်းမိုးသက်ရောက်နေသော အချက်များစွာ ရှိသည်။ ၎င်းတို့မှာ-
(က) ထိပ်ပိုင်း စီမံခန့်ခွဲသူများ၏ ထိရောက်သော ပံ့ပိုးမှု
(ခ) အလယ်အလတ်အဆင့် စီမံခန့်ခွဲသူများ၊ ကျွမ်းကျင်သူများ၏ အလေးထားမှု၊ပံ့ပိုးဆောင်ရွက်မှု
(ဂ) အဆင့်မြင့်နည်းပညာ (သို့မဟုတ်) နည်းပညာ ပြောင်းလဲမှု
(ဃ) ဖွဲ့စည်းပုံ ပြောင်းလဲမှု
(င) ခေါင်းဆောင်မှု ပုံစံများ
(စ) အခြားသော HR ဆိုင်ရာ လုပ်ငန်းတာဝန်များသည် လေ့ကျင့်ရေး ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်အပေါ်၌ များစွာ လွှမ်းမိုး သက်ရောက်လျက် ရှိသည်။
ဥပမာအားဖြင့် ဝန်ထမ်း စုဆောင်းခြင်း၊ ရွေးချယ်ခြင်းတွင် အရည်အသွေးမှီ ဝန်ထမ်းမျိုး ရွေးချယ်နိုင်ခြင်း မရှိပါလျှင် လေ့ကျင့်ရေးပိုင်း၌ အလုပ်ပိုခြင်းများ ဖြစ်လာနိုင်သည်။ ထိုနည်းတူ လုပ်ခ လစာ ပေးခြင်း စနစ်ကောင်းမွန်နေပါလျှင် အရည်အသွေးပြည့် ဝန်ထမ်းများ ပိုမို ရရှိနိုင်ပြီး လေ့ကျင့်ရေး လုပ်ငန်းစဉ်၌ အထူးအားစိုက်စရာ မလိုသော အခြေအနေမျိုး ကြုံတွေ့နိုင်သည်။
လေ့ကျင့်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ
လေ့ကျင့်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်အား အကောင်အထည်ဖော်ရေး စဉ်းစားရာတွင် အဓိကကျသော မေးခွန်း နှစ်ရပ် ရှိသည်။ ပထမမေးခွန်းမှာ မိမိတို့ ကုမ္ပဏီ အဖွဲ့အစည်း လေ့ကျင့်ရေး လိုအပ်ချက်မှာ အဘယ်နည်းဟူသော မေးခွန်း ဖြစ်ပါသည်။ ဒုတိယမေးခွန်းမှာ လေ့ကျင့်ရေး လိုအပ်ချက်အား မည်သို့မည်ပုံ ဖြည့်ဆည်းမည်နည်းဟုသော အချက် ဖြစ်ပါသည်။
လေ့ကျင့်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်သည် စဉ်ဆက်မပြတ် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ ၎င်းလုပ်ငန်းမှတစ်ဆင့် -
(က) အလုပ်သမားများ၏ အသက်မွေးဝမ်းကျောင်းနှင့် စွမ်းရည် တိုးတက်ရေး
(ခ) မန်နေဂျာများ၏ ထိရောက်စွာ ဦးဆောင်နိုင်မှုနှင့်လမ်းညွှန်နိုင်မှု
(ဂ) မန်နေဂျာများနှင့် အလုပ်သမားများ၏ အပြောင်းအလဲ၌ လိုက်ပါဆောင်ရွက်နိုင်စွမ်းတို့ကို ကောင်းစွာ အထောက်အကူပြုနိုင်သည်။
လေ့ကျင့်ရေးနှင့် ဖွံ့ဖြိုးရေးလိုအပ်ချက်အား ဆုံးဖြတ်ဖော်ထုတ်ခြင်း
လေ့ကျင့်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်၏ ပထမအဆင့်မှာ လေ့ကျင့်ရေးနှင့် ဖွံ့ဖြိုးရေး လိုအပ်ချက်အား တိကျစွာ ဆုံးဖြတ်ဖော်ထုတ်ခြင်း ဖြစ်ပါသည်။ လေ့ကျင့်ရေးနှင့် ဖွံ့ဖြိုးရေး လိုအပ်ချက်အား အဆင့်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် ဖော်ထုတ် ဆန်းစစ်နိုင်သည်။
(က) အဖွဲ့အစည်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်း - လူ့စွမ်းအားအရင်းအမြစ် (သို့မဟုတ်) ဝန်ထမ်းခန့်ထားရေး စီမံချက်နှင့်အတူ အဖွဲ့အစည်း၏စီမံကိန်း၊ ရည်ရွယ်ချက်၊ မဟာဗျူဟာမြောက်မျှော်မှန်းချက်၊ အဖွဲ့အစည်း၏ မူဝါဒ စသည်တို့ကိုခွဲခြမ်း စိတ်ဖြာခြင်း
(ခ) လုပ်ကွက် ခွဲခြမ်းစိတ်ဖြာခြင်း - အဖွဲ့အစည်း၏ရည်ရွယ်ချက်အား ပေါက်မြောက် အောင်မြင်ရေးအတွက် လိုအပ်သော လုပ်ငန်း လိုအပ်ချက်နှင့် လုပ်ကွက်များအား ခွဲခြမ်းစိတ်ဖြာခြင်း၊ လုပ်ငန်းတာဝန်ဖော်ပြချက် ဆိုင်ရာ အသေးစိတ်အချက်များကို ဖော်ထုတ်ခြင်း
(ဂ) ဝန်ထမ်းတစ်ဦးချင်းစီ၏ အရည်အသွေး လိုအပ်ချက်အား ခွဲခြမ်း စိတ်ဖြာခြင်း - နောက်ဆုံးအဆင့်တွင် တစ်ဦးချင်းစီ၏ လေ့ကျင့်ရေး လိုအပ်ချက်အား ခွဲခြမ်းစိတ်ဖြာခြင်း၊ မည်သည့် အသိပညာ၊ ကျွမ်းကျင်မှု၊ ခံယူချက် သဘောထားများလိုအပ်သည်ကို ဖော်ထုတ်ခြင်း၊ ဝန်ထမ်း စွမ်းဆောင်ရည် အကဲဖြတ်ခြင်း၊ အင်တာဗျူးများ ပြုလုပ်ခြင်းမှတစ်ဆင့် လိုအပ်ချက်ကို ဆန်းစစ်ဖော်ထုတ်ခြင်း
အထက်ပါ အချက်များ ခွဲခြမ်းစိတ်ဖြာမှုများကို ဆောင်ရွက်ပြီးပြီဆိုပါက သက်ဆိုင်ရာ မန်နေဂျာများသည် မည်သို့သော ဝန်ထမ်းအဆင့်အား မည် သို့မည်ပုံ သင်တန်းပေးမည်ကို ဆုံးဖြတ်ရမည်ဖြစ်ပါသည်။ မည်သည့် ဘာသာရပ်၊ မည်သည့် ကျွမ်းကျင်မှု အမျိုးအစားများကို ထည့်သွင်းသင်ကြားရမည်ကို သတ်မှတ်ရမည် ဖြစ်ပါသည်။
ဥာဏ







Comments