အယ်လ်နီညိုနှင့် အလွန်အမင်း ပူပြင်းသည့်ရာသီဥတုဒဏ်မှ ကျောင်းသားလူငယ်များကို ကာကွယ်ရေး
ကျောင်းသားလူငယ်များ၏ ကျန်းမာရေးနှင့် လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ခြင်းသည် ကျောင်းများ၏ အဓိကတာဝန်ဝတ္တရား တစ်ရပ်ဖြစ်ပါသည်။ လက်ရှိ ကြုံတွေ့နေရသော အယ်လ်နီညို ရာသီဥတုနှင့် ကမ္ဘာ့အပူချိန် မြင့်မားလာမှုများကြောင့် ကျောင်းများတွင် အလွန်အမင်း ပူပြင်းသည့် ရာသီဥတုဒဏ်ကို ရင်ဆိုင်ရနိုင်ပါသည်။
ကလေးငယ်များသည် ကိုယ်ခန္ဓာဖွဲ့စည်းပုံအရ အပူဒဏ်ကို လူကြီးများထက် ပိုမိုခံစားရလွယ်ပြီး ရေဓာတ်ခန်းခြောက်ခြင်း၊ အပူရှပ်ခြင်း (𝑯𝒆𝒂𝒕𝒔𝒕𝒓𝒐𝒌𝒆) ကဲ့သို့သော ကျန်းမာရေး အရေးပေါ် အခြေအနေများကို ဖြစ်ပေါ်စေနိုင်ပါသည်။ သို့ဖြစ်ပါ၍ ကျောင်းတာဝန်ရှိသူများအနေဖြင့် အောက်ပါ "လုပ်ငန်းစဉ် (၅) ရပ်ပါဝင်သော ကျောင်းအပူအန္တရာယ် ကာကွယ်ရေးစနစ် (5-𝑨𝒄𝒕𝒊𝒐𝒏 𝑺𝒄𝒉𝒐𝒐𝒍 𝑯𝒆𝒂𝒕 𝑺𝒂𝒇𝒆𝒕𝒚 𝑺𝒚𝒔𝒕𝒆𝒎)" ကို အခြေခံ၍ စနစ်တကျ ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည် -
စစ်ဆေးခြင်း (𝑪𝑯𝑬𝑪𝑲)
ကြိုတင်စီစဉ်ခြင်း (𝑷𝑳𝑨𝑵)
ရေဓာတ်ဖြည့်တင်းခြင်း (𝑯𝒀𝑫𝑹𝑨𝑻𝑬)
အနားယူခြင်းနှင့် ကာကွယ်ခြင်း (𝑹𝑬𝑺𝑻 & 𝑷𝑹𝑶𝑻𝑬𝑪𝑻)
တုံ့ပြန်ဆောင်ရွက်ခြင်း (𝑹𝑬𝑺𝑷𝑶𝑵𝑫)
အန္တရာယ်အဆင့် သတ်မှတ်ချက်များ (𝑯𝒆𝒂𝒕-𝑹𝒊𝒔𝒌 𝑳𝒆𝒗𝒆𝒍𝒔)
အစိမ်းရောင် အဆင့် (𝑵𝒐𝒓𝒎𝒂𝒍 - 𝑹𝒐𝒖𝒕𝒊𝒏𝒆 𝒑𝒓𝒆𝒄𝒂𝒖𝒕𝒊𝒐𝒏𝒔): သာမန်လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ပြီး ပုံမှန်သတိထားရန်။
အဝါရောင် အဆင့် (𝑪𝒂𝒖𝒕𝒊𝒐𝒏 - 𝑰𝒏𝒄𝒓𝒆𝒂𝒔𝒆 𝒉𝒚𝒅𝒓𝒂𝒕𝒊𝒐𝒏 𝒂𝒏𝒅 𝒎𝒐𝒏𝒊𝒕𝒐𝒓𝒊𝒏𝒈): ရေဓာတ်ဖြည့်တင်းမှုနှင့် ကျောင်းသားများ၏ အခြေအနေကို စောင့်ကြည့်မှုကို တိုးမြှင့်ရန်။
လိမ္မော်ရောင် အဆင့် (𝑯𝒊𝒈𝒉 𝑹𝒊𝒔𝒌 - 𝑴𝒐𝒅𝒊𝒇𝒚 𝒂𝒄𝒕𝒊𝒗𝒊𝒕𝒊𝒆𝒔 𝒂𝒏𝒅 𝒔𝒕𝒓𝒆𝒏𝒈𝒕𝒉𝒆𝒏 𝒄𝒐𝒏𝒕𝒓𝒐𝒍𝒔): ပြင်ပလှုပ်ရှားမှုများကို အချိန်ညှိပြင်ဆင်ခြင်းနှင့် ထိန်းချုပ်မှုများကို တိုးမြှင့်ရန်။
အနီရောင် အဆင့် (𝑬𝒙𝒕𝒓𝒆𝒎𝒆 𝑹𝒊𝒔𝒌 - 𝑪𝒂𝒏𝒄𝒆𝒍/𝒑𝒐𝒔𝒕𝒑𝒐𝒏𝒆 𝒉𝒊𝒈𝒉-𝒓𝒊𝒔𝒌 𝒂𝒄𝒕𝒊𝒗𝒊𝒕𝒊𝒆𝒔): အန္တရာယ်များသော အပြင်ထွက်လှုပ်ရှားမှုများကို ချက်ချင်းရပ်ဆိုင်းခြင်း သို့မဟုတ် ရွှေ့ဆိုင်းခြင်းနှင့် အကာအကွယ်အစီအမံများကို တိုးမြှင့်ရန်။
.
၁။ စစ်ဆေးခြင်း (𝑪𝑯𝑬𝑪𝑲) - ရာသီဥတုနှင့် ကျောင်းဝန်းကျင် အခြေအနေများကို စစ်ဆေးခြင်း
ကျောင်းချိန်မစတင်မီ သို့မဟုတ် မနက်ခင်းအစောပိုင်းတွင် ကျောင်းပတ်ဝန်းကျင်နှင့် အပူချိန်အခြေအနေများကို စနစ်တကျ စစ်ဆေးရန် အောက်ပါအချက်များကို အထူးဂရုပြုဆောင်ရွက်သင့်ပါသည် -
မနက်ခင်း အပူချိန်နှင့် ရာသီဥတုကို ကြိုတင်စစ်ဆေးပါ: ယနေ့အတွက် အပူချိန်အခြေအနေနှင့် အပူအန္တရာယ် အဆင့်သတ်မှတ်ချက်ကို ကျောင်းမတက်မီ သို့မဟုတ် မနက်စောစောတွင် ကြိုတင်စစ်ဆေး သိရှိထားရပါမည်။
အဓိက သတိပြုရမည့် အပူအန္တရာယ်နေရာများကို ရှာဖွေပါ: ပူပြင်းနိုင်ခြေရှိသော စာသင်ခန်းများ၊ လေဝင်လေထွက် ညံ့ဖျင်းသော နေရာများ၊ နေရောင်ခြည် တိုက်ရိုက်ထိတွေ့သော ကွင်းပြင်များနှင့် ကစားကွင်းနေရာများကို ကြိုတင်သတ်မှတ်ထားပါ။
အခြေခံ အဆောက်အအုံနှင့် သောက်ရေသန့်ကို စစ်ဆေးပါ: ကျောင်း၏ သောက်ရေသန့် ရရှိနိုင်မှု၊ အိမ်သာနှင့် လက်ဆေးကန်များ အခြေအနေတို့ကို ကြိုတင်စစ်ဆေးထားရပါမည်။
.
၂။ ကြိုတင်စီစဉ်ခြင်း (𝑷𝑳𝑨𝑵) - အပူချိန်နှင့် ကိုက်ညီအောင် ကျောင်းတစ်နေ့တာကို စီစဉ်ခြင်း
အချိန်ဇယား ပြန်လည်သုံးသပ်ခြင်း: အပြင်ဘက် လှုပ်ရှားမှုများနှင့် ကစားချိန်များကို ပူပြင်းသည့် နေရောင်ခြည် အပြင်းထန်ဆုံး အချိန်များတွင် မလုပ်ဆောင်ဘဲ၊ အေးမြသော အချိန်ပိုင်းများသို့ ပြောင်းရွှေ့ပေးပါ။
စုဝေးပွဲများနှင့် သင်ကြားမှုပုံစံများ: ကျောင်းတွင်း စုဝေးပွဲများနှင့် သင်ကြားရေး လှုပ်ရှားမှုများကို အပူဒဏ်သက်သာမည့် အခြေအနေသို့ ပြောင်းလဲခြင်း သို့မဟုတ် အရိပ်ရနေရာများတွင်သာ ပြုလုပ်ပါ။
အပိုအနားယူချိန်များ ဖန်တီးပေးခြင်း: လိုအပ်ပါက အပိုအနားယူချိန်နှင့် အအေးခံချိန်များကို အချိန်ဇယားတွင် ထည့်သွင်းပေးပါ။
ဆရာ/ဆရာမများနှင့် ဝန်ထမ်းများကို ကြိုတင်ညှိနှိုင်းခြင်း: ရေမှန်မှန်သောက်ရန်၊ ကျောင်းသားများ၏ လက္ခဏာများကို စောင့်ကြည့်ရန်နှင့် ပြဿနာတစ်စုံတစ်ရာ ရှိလာပါက ချက်ချင်းသတင်းပို့ရန် တာဝန်ခွဲဝေပေးထားရပါမည်။ အရေးပေါ် အခြေအနေများအတွက် အစီအစဉ်များကိုလည်း ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်သည်။
.
၃။ ရေဓာတ်ဖြည့်တင်းခြင်း (𝑯𝒀𝑫𝑹𝑨𝑻𝑬) - သန့်ရှင်းလုံခြုံသော သောက်ရေသန့် ရရှိရေး
ပူပြင်းလှသော ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိစေရန်နှင့် ကျောင်းသားများ၏ ကိုယ်တွင်းရေဓာတ် မခန်းခြောက်စေရန်အတွက် အောက်ပါတို့ကို ဆောင်ရွက်ရမည် -
သောက်ရေသန့် အလွယ်တကူ ရရှိစေခြင်း: တစ်နေ့တာလုံး သောက်ရေသန့်လုံလောက်စွာ ရရှိနိုင်ရန်နှင့် ကျောင်းသားများ အလွယ်တကူ သောက်သုံးနိုင်ရန် စီစဉ်ပေးရပါမည်။
ရေသန့်ဗူး/သောက်ရေများ စစ်ဆေးခြင်း: ရေသန့်ဘူးများ၊ ရေခွက်များကို သန့်ရှင်းလတ်ဆတ်စွာ ဖုံးအုပ်ထားရှိပြီး စာသင်ခန်းများနှင့် နီးစပ်ရာတွင် ထားရှိပေးပါ။
ရေပုံမှန်သောက်ရန် တိုက်တွန်းခြင်း: ကျောင်းသားများအနေဖြင့် ရေဆာသည်အထိ မစောင့်ဘဲ ပုံမှန်ရေသောက်သုံးရန် ဆရာ/ဆရာမများက တိုက်တွန်းပေးပါ။
သတိပြုရမည့် ရေဓာတ်ခန်းခြောက်ခြင်း လက္ခဏာများ: ကျောင်းသားများတွင် အလွန်အမင်း ရေငတ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အားနည်းခြင်း၊ ကြွက်တက်ခြင်းနှင့် စိတ်ရှုပ်ထွေးခြင်း လက္ခဏာများ ရှိမရှိ အမြဲစောင့်ကြည့်ပါ။
.
၄။ အနားယူခြင်းနှင့် ကာကွယ်ခြင်း (𝑹𝑬𝑺𝑻 & 𝑷𝑹𝑶𝑻𝑬𝑪𝑻) - စာသင်ခန်းနှင့် ကျောင်းဝန်းကျင်ကို ပြင်ဆင်ခြင်း
စာသင်ခန်းတွင်း လေဝင်လေထွက်ကောင်းစေခြင်း: ပြတင်းပေါက်များကို ဖွင့်ပေးခြင်း၊ အသုံးပြုနိုင်ရန် စီစဉ်ပေးခြင်းနှင့် တိုက်ရိုက်နေရောင်ခြည် ဝင်ရောက်မှုကို ကာကွယ်ရန် ကုလားကာ သို့မဟုတ် အရိပ်အကာအကွယ်များ တပ်ဆင်ပေးပါ။
အရိပ်ရနေရာများ ဖန်တီးပေးခြင်း: ကစားကွင်းများနှင့် ကျောင်းဝင်းအတွင်း ကျောင်းသားများ အနားယူနိုင်ရန် အရိပ်ရသော နေရာများကို စီစဉ်ပေးပြီး နေပူထဲတွင် အကြောင်းမဲ့ ကြာမြင့်စွာ မနေခိုင်းပါနှင့်။
ကလေးငယ်များကို အထူးဂရုစိုက်ခြင်း: အသက်ငယ်ရွယ်သည့် ကလေးငယ်များနှင့် မသန်စွမ်းသည့် ကျောင်းသားများအတွက် အအေးခံရန်နှင့် အနားယူရန် အထူးနေရာများကို အဆင်သင့် ပြုလုပ်ပေးထားပါ။
.
၅။ တုံ့ပြန်ဆောင်ရွက်ခြင်း (𝑹𝑬𝑺𝑷𝑶𝑵𝑫) - အရေးပေါ် တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် ကျောင်းလုပ်ငန်းစဉ် အတည်ပြုခြင်း
ကျောင်းသားတစ်ဦးဦး မူးဝေခြင်း သို့မဟုတ် အပူဒဏ်ကြောင့် ဖျားနာလာပါက အောက်ပါ အဆင့် (၇) ဆင့်အတိုင်း ချက်ချင်းလုပ်ဆောင်ပါ -
၁။ ရပ်တန့်ပါ (𝑺𝑻𝑶𝑷): သက်ဆိုင်ရာ လုပ်ဆောင်နေသည့် လှုပ်ရှားမှုကို ချက်ချင်းရပ်တန့်ခိုင်းပါ။
၂။ ရွှေ့ပြောင်းပါ (𝑴𝑶𝑽𝑬): အရိပ်ရသော၊ အေးမြသော သို့မဟုတ် လေဝင်လေထွက် ကောင်းမွန်သည့် နေရာသို့ ချက်ချင်း ရွှေ့ပြောင်းပေးပါ။
၃။ အအေးခံပါ (𝑪𝑶𝑶𝑳): သင့်လျော်သော အအေးခံသည့်နည်းလမ်းများ (ရေအေးသုတ်ပေးခြင်း၊ လေအေးပေးခြင်း) ကို စတင်လုပ်ဆောင်ပါ။
၄။ ဆန်းစစ်ပါ (𝑨𝑺𝑺𝑬𝑺𝑺): လူနာ၏ အခြေအနေကို စစ်ဆေးပြီး ကျောင်း၏ ရှေးဦးသူနာပြုစုရေး နည်းလမ်းများအတိုင်း ဆောင်ရွက်ပါ။
၅။ အကြောင်းကြားပါ (𝑪𝑶𝑵𝑻𝑨𝑪𝑻): တာဝန်ခံ ကျန်းမာရေးဆရာ/ဆရာမနှင့် မိဘအုပ်ထိန်းသူများထံ အမြန်ဆုံး အကြောင်းကြားပါ။
၆။ ဆေးရုံ/ဆေးခန်းသို့ လွှဲပြောင်းပါ (𝑹𝑬𝑭𝑬𝑹): အခြေအနေ ဆိုးရွားလာပါက သို့မဟုတ် သံသယ
ဖြစ်ဖွယ် အပူရှပ်ခြင်း (𝑯𝒆𝒂𝒕𝒔𝒕𝒓𝒐𝒌𝒆) ရှိလာပါက ချက်ချင်း ဆေးဘက်ဆိုင်ရာ အကူအညီရယူရန် ဆေးရုံ/ဆေးခန်းသို့ ပို့ဆောင်ပါ။
၇။ မှတ်တမ်းတင်ပါ (𝑹𝑬𝑪𝑶𝑹𝑫): ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကို မှတ်တမ်းတင်ပြီး ပြန်လည်သုံးသပ်ပါ။
အရေးကြီးသတိပေးချက်: သံသယဖြစ်ဖွယ် အပူရှပ်ခြင်း (𝑯𝒆𝒂𝒕𝒔𝒕𝒓𝒐𝒌𝒆) သည် အရေးပေါ် ဆေးဘက်ဆိုင်ရာ အခြေအနေဖြစ်လျှင် ချက်ချင်း ဆေးရုံ/ဆေးခန်းသို့ တင်ပို့ရပါမည်။
ကျောင်းများအနေဖြင့် နေ့စဉ်ကျောင်းဆင်းချိန်တွင် ဖြစ်ပွားခဲ့သော ပြဿနာများကို ပြန်လည်သုံးသပ်ခြင်း၊ လိုအပ်သော ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ခြင်းနှင့် နောက်နေ့အတွက် ရေသန့်နှင့် အရေးပေါ်ပစ္စည်းများကို ကြိုတင်ဖြည့်တင်းခြင်းတို့ဖြင့် ကျောင်းသားလူငယ်များ၏ ကျန်းမာရေးနှင့် လုံခြုံမှုကိုအပြည့်အဝ အာမခံချက် ပေးနိုင်မည် ဖြစ်ပါသည်။
ဆောင်ပုဒ်: "ရာသီဥတုကို စစ်ဆေးပါ တစ်နေ့တာကို ကြိုတင်စီစဉ်ပါ ရေဓာတ်ဖြည့်တင်းပါ အနားယူပြီး ကာကွယ်ပါ အစောတလျင် တုံ့ပြန်ဆောင်ရွက်ပါ"





Comments