top of page
  • Facebook

လေ့ကျင့်သင်ကြားရေး နည်းစနစ်များ မိတ်ဆက်

အလုပ်ညွှန်ကြားပြသမှု နည်းလမ်း (Job Instruction Method)

အလုပ်ညွှန်ကြားပြသမှုနည်းလမ်း (Job Instruction Method) အား လက်တွေ့လေ့ကျင့် သင်ကြားမှု (Practical Exercise and Training) များ ပြုလုပ်ရာတွင် အသုံးပြုသည်။ အထူးသဖြင့် လုပ်ငန်းခွင်လေ့ကျင့်ရေးနှင့် လေ့ကျင့်သင်ကြားရေးများတွင် အသုံးပြုမှု များပြားသည်။ အလုပ်ညွှန်ကြားပြသမှုနည်းလမ်း (Job Instruction Method) တွင် အဓိကအားဖြင့် အဆင့် (၄)ဆင့် ပါဝင်သည်။ ၎င်းတို့မှာ-

(က) ကြိုတင်ပြင်ဆင်ခြင်း

(ခ) ရှင်းလင်းတင်ပြခြင်း

(ဂ) လက်တွေ့ဆောင်ရွက်ခိုင်းခြင်း

(ဃ) သုံးသပ်ခြင်းနှင့် တိုးတက်အောင် ဆောင်ရွက်ခြင်း တို့ဖြစ်သည်။

(က) ကြိုတင်ပြင်ဆင်ခြင်း

သင်တန်းသား သင်တန်းသူများအား သက်တောင့်သက်သာ ဖြစ်စေရန် ပြောဆိုပါ။

သင်တန်းသား သင်တန်းသူများ၏ တတ်မြောက်ပြီးကျွမ်းကျင်မှုနှင့် အသိပညာများအား မေးမြန်းပါ။

စိတ်ပါဝင်စားလာစေရန် လှုံ့ဆော်တိုက်တွန်း ပြောဆိုပါ။

မှန်ကန်စွာ နေရာယူစေခြင်းကို ဆောင်ရွက်ပါ။ (လုပ်ဆောင်ချက် မစတင်ခင်)

(ခ) လုပ်ငန်းစဉ် အဆင့်ဆင့်အား ရှင်းလင်းတင်ပြခြင်း

လုပ်ငန်းစဉ်အဆင့်တိုင်းကို ပြောပြပါ။ စိတ်ရှည်စွာ မေးခွန်းများအား ဖြေဆိုပါ။

အဓိကအချက်များကို အသားပေးရှင်းလင်းပြောကြားပါ။

တစ်ဆင့်ချင်းစီအား အချိန်ကိုက် ရှင်းလင်းတိကျစွာ ညွှန်ကြားပေးပါ။

(ဂ) လက်တွေ့လုပ်ဆောင်ခြင်း

လက်တွေ့လုပ်ဆောင်ချက်များအား စမ်းသပ်ဆောင်ရွက်ခိုင်းပါ။

အဓိကအချက်များကို ပြန်လည် ရှင်းပြခိုင်းပါ။

မရှင်းလင်းသော၊ မှားယွင်းသော အချက်အလက်များကို ရှင်းပြပါ။ ပြင်ဆင်ပေးပါ။

မှန်ကန်သောလုပ်ဆောင်ချက်အဆင့်သို့ ရောက်သည်အထိ လက်တွေ့လုပ်ဆောင်ခိုင်းပါ။

(ဃ) သုံးသပ်ခြင်းနှင့် တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခိုင်းခြင်း

သင်တန်းသား သင်တန်းသူများအား ၎င်းတို့ဖာသာဆောင်ရွက်ခိုင်းပါ။

အကြိမ်ကြိမ်အခါခါ စောင့်ကြည့်ပါ။

လိုအပ်ပါက ထပ်မံကူညီပါ။

မေးခွန်းများ မေးမြန်းပါ။

လိုအပ်သော အပိုင်းအား ထပ်မံ၍ စနစ်တကျ လေ့ကျင့်သင်ကြားပေးပါ။

အားသာချက်များ

  • လက်တွေ့ကျွမ်းကျင်စေရန် သင်ကြားပေးနိုင်ခြင်း

  • ထိရောက်သော စွမ်းဆောင်ရည်ပြည့် ဝန်ထမ်းများအား ပြုစုပျိုးထောင်ပေးနိုင်ခြင်း

  • သင်တန်းသားများဖက်မှ လက်တွေ့ ပိုမို လေ့လာသင်ယူနိုင်ခြင်း

  • ပိုမို စိတ်ဝင်စားမှု ရရှိခြင်း

အားနည်းချက်များ

  • သင်တန်းသားအနည်းငယ်ကိုသာ သင်ကြားနိုင်ခြင်း

  • လက်တွေ့ပစ္စည်းပစ္စယ ကုန်ကျစရိတ် မျာပြားနိုင်ခြင်း

  • သင်ကြားလေ့ကျင့်ချိန် ပိုမို များပြားစွာ လိုအပ်ခြင်း

  • သင်တန်းနည်းပြ၏ ကျွမ်းကျင်မှု မြင့်မားရန် လိုအပ်ခြင်း


SD Future

 
 
 

Comments


bottom of page