top of page
  • Facebook

သက်မွေးပညာရေးနဲ့လေ့ကျင့်ရေး (Technical and Vocational Education and Training - TVET) ဆိုတာဘာလဲ။ သူရဲ့ သဘောသဘာဝ (nature) က ဘယ်လိုရှိသလဲ။

Updated: Jun 7, 2025

သက်မွေး (vocational) ဆိုတဲ့စကားလုံးက အလုပ်အကိုင် (employment)၊ လုပ်ငန်းခွင် (industry) စတဲ့စကားလုံးတွေနဲ့ တိုက်ရိုက် ဆက်စပ်ပတ်သတ်ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာသက်မွေးပညာရေးနဲ့လေ့ကျင့်ရေး အဓိပ္ပါယ်သတ်မှတ်ချက် (definition) နဲ့ နယ်ပယ်သတ်မှတ်ပုံ (scope) ဟာ ယေဘူယျအားဖြင့် ကွဲပြားမှုရှိနိုင်ပါတယ်။ အကြမ်းဖျင်းအားဖြင့်ဆိုရရင်တော့ အလုပ်အကိုင် သို့မဟုက် လုပ်ငန်းခွင်အတွက် လိုအပ်တဲ့ လုပ်ရည်ကိုင်ရည် (competency) တွေ ဖွံ့ဖြိုးလာစေဖို့ လေ့ကျင့်သင်ကြားပေးတဲ့ ပြင်ဆင်ပေးတဲ့ အစီအစဉ်တွေဖြစ်ပါတယ်။ သက်မွေးပညာရေးနဲ့လေ့ကျင့်ရေးလို့ပြောလိုက်ရင် သမရိုးကျနည်းပညာကောလိပ်နဲ့ ပုံမှန်ကျောင်း ပရိဝဏ်မှာ သင်ကြားနေတဲ့ နည်းပညာနဲ့ သက်မွေးပညာ လေ့ကျင့်သင်ကြားရေး အစီအစဉ် (formal TVET) ကနေ လုပ်ငန်းခွင်လေ့ကျင့်ရေး နဲ့ ကုမ္မဏီတွင်း အလုပ်သင်လေ့ကျင့်ရေးအစီအစဉ် (non formal/informal TVET) တွေအထိ လုပ်ငန်းပေါင်းစုံ ပါဝင်အကျုံးဝင်နိုင်ပါတယ်။

ဒါကြောင့် အချုပ်အားဖြင့် သက်မွေးပညာရေးနဲ့လေ့ကျင့်ရေးမှာ အဓိက လမ်းကြောင်း နှစ်သွယ်ရှိမယ်လို့ ပြောနိုင်ပါတယ်။ ပြောရမှာဖြစ်ပါတယ်။ ကျောင်းအခြေပြု သင်ကြားလေ့ကျင့်ရေး (institution based) နဲ့ လုပ်ငန်းခွင်အခြေပြု သင်ကြားလေ့ကျင့်ရေး (workplace based) လမ်းကြောင်းဖြစ်ပါတယ်။ ဥပဒေ အရ ပြောရမယ်ဆိုရင် အကောင်အထည်ဖော်မှုပိုင်းမှာ ကျောင်းတွေအပေါ် လွှမ်းမိုးသက်ရောက်မယ့် ပညာရေးဆိုင်ရာ ဥပဒေ (education related law) တွေကနေ လုပ်ငန်းခွင်အပေါ် လွှမ်းမိုးသက်ရောက်တဲ့ အလုပ်သမားဆိုင်ရာဥပဒေ (labor related law) တွေအထိ ပါဝင်ပတ်သက်နေမှာ ဖြစ်ပါတယ်။ ဘာသာရပ်အားဖြင့်လည်း အင်ဂျင်နီယာ ဆက်စပ် အလုပ်အကိုင်များ (ဥပမာ- လျှပ်စစ်၊ စက်မောင်း၊ ကြွေပြားကပ်စသဖြင့်) သာမက လက်မှုနဲ့ဝန်ဆောင်မှု အလုပ်အကိုင်ပေါင်းစုံ (ဥပမာ- ဆံပင်ညှပ်၊ အလှပြင်၊ ဟိုတယ်ဝန်ဆောင်မှုစသဖြင့်) လည်းပါဝင်နိုင်ပါတယ်။

Reference:

1. Discussion paper on Quality Assurance of Qualification in TVET (UNESCO, March 2016)

2. Definition by UNESCO and the International Labor Organization (ILO)


Comments


bottom of page